Posts

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၆) ဇာတ်သိမ်းပိုင်း

ကျမတို့ကို မငိုဖို့ပြောတဲ့ဆရာကိုယ်တိုင် မျက်ရည်ကျနေသည်ကို ကျမတို့ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ခြင်းပင်။ကျမအတွက်တော့ဆရာဟူသည်… တပည့်အားလုံးရဲ့ဒုတိယမိဘပါ တပည့်အားလုံးရဲ့ပန်းပျိုးလက်ပါ တပည့်အားလုံးရဲ့ခေတ္တခိုနားရာပါ တပည့်တွေရဲ့လမ်းပြကြယ်တစ်စင်းပါ တပည့်ကောင်းတွေမွေးထုတ်ပေးတဲ့မိဘပါပဲ။ ခုဆိုကျမကကျောင်းဆရာမ ရှင်းသန့်ဖြူဖြစ်နေပါပြီ။ ကြယ်စင်ချိုကတော့ဆရာဝန်ကြီးဖြစ်နေပြီပေါ့။ရတုကတော့ပေါတောတောနဲ့သာပြောတယ် အင်ဂျင်နီယာဖြစ်နေပြီ။ ခွန်းသာကတော့ စစ်ဗိုလ်ကြီး ဖြစ်နေပြီလို့ သတင်းကြားတယ်။သူငယ်ချင်းတွေနဲ့ခွဲခွာခဲ့ရသည်များကို ကျမပြန်လည်စဉ်းစားနေမိသည်။ထိုအချိန်မှာပဲ… မြတ်ဆရာသူ့လိုဆရာ စေတနာမြင့်မြတ်လေးစားအပ်သောချစ်သောဆရာ~~  ''ဟယ်လို '' ''ဖြူ'' ''ဟယ် ကြယ်စင်ပါလား ဆရာဝန်မကြီးက ဖုန်းဆက်ချိန်ရှိသေးတယ်ပေါ့'' 'ဟဲ့  ငါပြောတာနားထောင်ဦး ' ''နင့်အသံကဘာဖြစ်နေတာလဲ'' ''အခုလေ ဆရာဦးကျော်စွာခေါင်'' ''ဟင် ဆရာ ဆရာဘာဖြစ်လဲ'' ''ဆရာဆေးရုံရောက်နေတယ်'' ''ဘယ်လိုဖြစ်တာလဲ'' ''ငါဟ...

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)

''နောင်နောင် အဲ့ဒါဘာလုပ်နေတာလဲ'' ''ဆရာဒါကလေ '' ''ပြောပါဦး နဒီအောင် ဒီမှာဘာလုပ်နေတာလဲ'' ''ဆရာသူ သူက'' ''လာကျောင်းခန်းထဲသွားမယ် '' ဆရာနှစ်ယောက်စလုံးကို နားရွက်လိမ်ဆွဲကာ အခန်းထဲခေါ်လာတော့သည်။တစ်ခန်းလုံး အံ့သြမှင်သက်စွာ ကြည့်နေရုံမှအပ တခြားအတွဲတွေလည်း သေပြီဆိုတဲ့အတွေးတွေ ဝင်နေမိသည်။ ''အားလုံးမတ်တပ်ရပ် မင်းတို့ထဲကအတွဲတွေထွက်လာစမ်း ငါအားလုံးသိတယ်နော်'' ''ဟာ နောင်နောင်နဲ့နဒီအောင်လုပ်တာနဲ့တစ်ခန်းလုံးသေပြီဆရာပဲ'' ''မင်းတို့ကိုငါပြောမယ် မင်းတို့အခုမှ၈တန်းရှိသေးတယ် ပြောနောင်နောင် မင်းသူ့ကိုတကယ်ချစ်လား'' ''ဆရာဒါက '' ''မေးတာဖြေ '' ''ချစ်တယ် ဆရာ'' ''ကောင်းပြီ မင်းနဲ့သူလက်ထပ်ရင်မင်းသူ့ကိုဘာလုပ်ကျွေးမလဲ '' ''ဆရာကဒါက ဘယ်လို'' ဆရာ့ အမေးကို သူမဖြေနိုင်တော့ပေ။ ''ငါပြောမယ် မင်းတို့အခုနေချစ်သူရည်းစားထား ပညာတစ်ပိုင်းတစ်လက်စနဲ့ကျောင်းထွက် ဒုက္ခတွေရောက်မယ် အခု၈တန်းနဲ့ရည်းစားထားရင်၈တ...

ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ကျမ သတိထားမိလိုက်ပြီ။ဆရာ ဒီကိစ္စကို ကြိုသိ၍ ပညာသားပါပါ လုပ်လိုက်ခြင်းဖြစ်လေမည်။ ''ထိုင်ခုံမှာအပ်တွေ စိုက်ထားတာလေ'' ''ကျနော်ပြောချင်တာလဲဒါပါပဲ ဒီထောင်ချောက်ကိုအစ်မသားဆင်ထားတာပါ'' ဆရာ့ရဲ့စကားကြောင့် အားလုံးတစ်ယောက်တစ်ပေါက်ပြောကြပြန်ပြီ။ဆရာသည် အခြားသော ဆရာတွေနဲ့မတူတာတော့ ကျမတို့လက်ခံရလိမ့်မည်။အခြားသောဆရာများသည်လည်း ဒီလိုအဖြစ်အပျက်မျိုးကို ကျော်လွှားနိုင်သူက မရှိသေးချေ။ဆရာသည် ကျောင်းသားတွေရဲ့ ရင်ထဲ ပထမဆုံးဝင်ရောက်ခဲ့နိုင်လေတော့သည်။ ''ဆရာကသိတယ်ဟ '' ''ငါကဒီဆရာကိုတုံးမယ်လို့ထင်ထားတာ ခုတော့'' ''ဟိတ် ကလေးတွေတိတ်စမ်း'' ဆရာ့ရဲ့ အော်ငေါက်သံ ကြောင့် အခန်းသည် တိတ်ဆိတ်သွားရပြန်ပြီ။ ''ဇွဲထက် ဒီကိုလာဦး'' ဇွဲထက် ထိုင်ခုံမှထ၍ လက်ကလေးပိုက်လျက် ခေါင်းငိုက်ကာ ဝန်ခံရတော့မည်။ ''ဟုတ်ကဲ့ '' ''ဒီထောင်ချောက်ကနင်ဆင်ထားတာလား'' 'ဒါဒါကလေ အမေ'' ဇွဲထက် စကားပင် ထစ်နေလေပြီ။အမှတ်မထင် ဆရာသည် ဇွဲထက်အား… ''ဇွဲထက် မင်းရဲ့ကျောင်းလစဉ်စာမေးပွဲအမှတ်တွေအံဆွဲထဲမှာရှိတယ် ထု...

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၃)

''----------ကလောင် ကလောင် ----------" "ဟေး ကျောင်းဆင်းပြီဒိုးမယ်ဟေ့'' ''လာမင်းတို့သုံးယောက် အခန်းထဲကလူတွေတစ်ယောက်မှအပြင်မထွက်နဲ့'' ''မိဘတွေလာကြိုနေပြီဆရာ'' "ကောင်းပြီလေ မင်းတို့သွားလို့ရပြီအိမ်ကိုသေချာပြန်တိုင်ကြဦး ဒီနေ့အပြစ်ပေးခံရတဲ့အကြောင်း'' ''ဘယ်လိုဆရာလဲဟာ မနက်ဖြန်တော့ ဒီဆရာ့အဖြစ်ကမလွယ်လောက်ဘူး'' ''မနက်ဖြန်တော့အလုပ်ဖြုတ်စေရမယ် ငါ့အမေနဲ့တိုင်ပြောမယ်'' -ခုမှနားလည်လိုက်တာကတော့ ကျောင်းသားအများစုဟာ ဆရာသမားဆိုတာကိုပါမေ့နေကြပြီဆိုတာပဲ သားသမီးကိုရိုက်ရင် မကျေနပ်တဲ့မိဘတွေကြောင့်လည်းပါတာပေါ့ ခုလည်းမနက်ဖြန်ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရဦးမယ်။ မနက်ခင်း ကျောင်းမတက်ခင် ဇွဲထက်တို့ အလုပ်ရှုပ်နေကြလေပြီ။ အတန်းပိုင်ဆရာတွေ မမြဲနည်းများ ပြုလုပ်နေကြခြင်းဟုဆိုရပေမည်။ "ဟေ့ကောင်တွေမြန်မြန်လုပ်  ဇေယျာညီ အံ့ဆွဲထဲကိုကြွက်ထောင်ချောက်ထည့် ခုံမှာ အပ်တွေစိုက်ထားကွာ မသိသာစေနဲ့'' ကိုယ့်ရှေ့မှာ အမှားလုပ်နေရင် ငြိမ်မခံနေတတ်သည့်ကျမ မှာရှိသည်။ဒါကြောင့်… ''နင်တို့ဒါ ဘာလုပ်နေတာလဲ...

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)

ဆရာကြီးလည်း ပြောပြောဆိုဆို ခေါင်းခါကာ ထွက်သွားလေသည်။အတန်းပိုင်ဆရာ မရှိတဲ့ ကျမတို့ အခန်းက အမြဲလိုလိုဆူညံနေတတ်သည်။ဆရာကြီးထွက်သွားသည်နှင့် တစ်ယောက်တစ်ပေါက်ပြောဆိုကြသည်မှာ ကျမနှင့်သူငယ်ချင်းများအပါအဝင်ပေါ့။ "ဟဲ့ကြယ်စင် ဒီနေ့လည်း ဆရာအသစ်လာဦးမယ်တဲ့ ငါတို့အခန်းလည်းရစရာနာမည်ကိုမရှိဘူးနော် " ကျမရဲ့ စကားကို စကားက ကြယ်စင် ချက်ချင်းခွန်းတုံ့ဆိုလိုက်သည်။ "ဖြူ နင်ကလည်း မထူးဆန်းတဲ့ဓာတ်ပြားပဲဖွင့်နေပြန်ပြီ" သူပြောသည်မှာလည်းအမှန်ပင်။ကျမတို့အခန်းက အတန်းပိုင်ဆရာ မမြဲခဲ့ပေ။ဒီတစ်ခါလာမည့်ဆရာလည်း မြဲမှာမဟုတ်ဟု တွေးတောမိသည်။ထိုစဉ် အမြဲစပ်စုတတ်တဲ့ ခွန်းသာ ဝင်ရှုပ်ပြန်ပြီ။ "အဲ့ဒါဘယ်သူကြောင့်လို့ထင်လဲ" "နင်တို့လိုယောက်ျားလေးတွေကြောင့်လို့ငါထင်တယ် ခွန်းသာ" "ဘာပြောတယ် နင်တို့မိန်းကလေးတွေကြောင့်" "နင်တို့ကြောင့်ဟာ နင်တို့ကြောင့်" တစ်ယောက်နှင့်တစ်ယောက် ပြောဆိုရင်း တစ်ခန်းလုံးဆူညံပွတ်လောရိုက်နေစဉ် "ဟိတ် ဘယ်လိုဖြစ်လို့စာသင်ခန်းကဆူနေရတာတုန်း" "ဒါလား ဆရာအသစ်ဆိုတာ" "အကုန်လုံးကိုယ့်နေရာကို ထိုင်နေကြစမ်း ငါပြောနေတယ်မကြားကြဘ...

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၁)

     " ငါတို့အားလုံးရဲ့ဆရာ"  ______________________                           (ပညာပေး ဇာတ်လမ်းတို)                               ( စ/ဆုံး)  " ကြယ်စင်ချို  ကြယ်စင်ချို  ကြယ်စင်ချို"  စာသင်ခန်းတွင်ဆရာမရှိ၍ ဆူညံနေခြင်းကြောင် ရတုပိုင်တစ်ယောက် ကြယ်စင်ချိုကို အော်ခေါ်နေသည်ကို ကြယ်စင်မကြားပေ။အသံတိတ်သွားသည့်အခါနှင့် ကြုံ၍ အသံမှာကျယ်သွားမှ ကြယ်စင်ကြားကာ… "ဟဲ့ဘာလဲ ငါနားမလေးဘူး ဘာလို့အကျယ်ကြီးအော်ခေါ်နေရတာလဲ ရတုပိုင် "လို့ကြယ်စင်တစ်ယောက်ဒေါသ သံဖြစ်ပြောလိုက်သည်။ "ကြယ်စင်ရယ် ဒေါသကြီးပဲ ရတုပိုင်ဘာပြောမလဲအရင်နားထောင်ပါဦး" "မသိဘူးဟာ နင်လည်းငါ့အကြောင်းသိသားပဲ ငါ့နာမည်ကို အကျယ်ကြီးခေါ်တာ ငါမကြိက်ဘူးဆိုတာကို" "အေးပါဟာ ဟဲ့ရတုပိုင် နင်ကလည်းပြောစရာရှိတာကိုပြောလေဟာ စိတ်မရှည်အောင်လုပ်နေတယ် " "ငါ မနေ့က သူ့ဆီက ရေသည်အလင်္ကာ စာအုပ်ငှားထားတာ ခုမပြီးသေးဘူးလို့ နောက်နေ့မှပေးမယ်လို့ပြောမလို့ပါ ခုနကအသံတွေကဆူညံနေတာ ငါခေါ်တာကြာ...

အစ်ကိုကြီးတော့ အဖရာ အပိုင်း(၄) ဇာတ်သမ်းပိုင်း

"ကိုလား…ချစ်ပါ ချစ်ကိုဘာလို့ရှောင်နေတာလဲဟင် ချစ်ဘာအပြစ်လုပ်မိလို့လဲ " "ဘယ်က ကိုယ်တွေခေါင်းတွေ လာပြောနေတာလဲ ငါ ကျော်ခေါင်ရဲ့မိန်းမပဲ ဟဲ့ကောင်မ နင်ကဘယ်သူလဲ" နှိုင်းရတုတစ်ယောက် အံ့သြစွာဖြင့် လက်က ဖုန်းလွတ်ချပြီး ထိုနေရာမှာတင် မေ့လဲသွားသည်။ကျော်ခေါင်နဲ့ နှိုင်းရတုတို့သည် onlineပေါ်တွင် ချစ်သူရည်စားဖြစ်ကာ အပြင်မှာ ချိန်းတွေ့ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် မသိဘဲ မမှားသင့်တာမှားခဲ့ကြသည်။  ညီမလေးရေ Online ဟူသည်  သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် အဆိပ်  ကောင်းစွာအသုံးချတတ်လျှင်  ဆေးကောင်းတစ်ခွက်ဖြစ်သလို  အသုံးမချတတ်လျှင်  ဖြေဆေးမရှိတဲ့ အဆိပ်တစ်ခုပါဘဲ  ဘယ်အရာပဲ ဖြစ်ဖြစ် ကောင်းစွာအသုံးချတတ်ပါစေ။… သန့်စင်ဦးတစ်ယောက် နှိုင်းရတု လှဲကျနေသည်ကိုမြင်၍ "ညီမလေး ညီမလေး သတိထားပါဦး" "အဒေါ်နဲ့ဦးလေး ဆရာဝန်ဆီဖုန်းဆက်ပါဦး" "မဆက်နဲ့ မဆက်နဲ့  ရတု ဘာမှမဖြစ်ဘူး သွေးအားနည်းလို့ဖြစ်တာပါ " ရတုတစ်ယောက် ပြောပြောဆိုဆိုနှင့် အစ်ကိုဖြစ်သူကို ဖက်ကာငိုကြွေးလေ၏။ "ညီမလေး ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ငိုတာလဲ ဘယ်နားမကောင်းလို့လဲ" "မဟုတ်ပါဘူးကိုကို ရတု ...