ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)

ဆရာကြီးလည်း ပြောပြောဆိုဆို ခေါင်းခါကာ ထွက်သွားလေသည်။အတန်းပိုင်ဆရာ မရှိတဲ့ ကျမတို့ အခန်းက အမြဲလိုလိုဆူညံနေတတ်သည်။ဆရာကြီးထွက်သွားသည်နှင့် တစ်ယောက်တစ်ပေါက်ပြောဆိုကြသည်မှာ ကျမနှင့်သူငယ်ချင်းများအပါအဝင်ပေါ့။
"ဟဲ့ကြယ်စင် ဒီနေ့လည်း ဆရာအသစ်လာဦးမယ်တဲ့ ငါတို့အခန်းလည်းရစရာနာမည်ကိုမရှိဘူးနော် "
ကျမရဲ့ စကားကို စကားက ကြယ်စင် ချက်ချင်းခွန်းတုံ့ဆိုလိုက်သည်။
"ဖြူ နင်ကလည်း မထူးဆန်းတဲ့ဓာတ်ပြားပဲဖွင့်နေပြန်ပြီ"
သူပြောသည်မှာလည်းအမှန်ပင်။ကျမတို့အခန်းက အတန်းပိုင်ဆရာ မမြဲခဲ့ပေ။ဒီတစ်ခါလာမည့်ဆရာလည်း မြဲမှာမဟုတ်ဟု တွေးတောမိသည်။ထိုစဉ် အမြဲစပ်စုတတ်တဲ့ ခွန်းသာ ဝင်ရှုပ်ပြန်ပြီ။
"အဲ့ဒါဘယ်သူကြောင့်လို့ထင်လဲ"
"နင်တို့လိုယောက်ျားလေးတွေကြောင့်လို့ငါထင်တယ် ခွန်းသာ"
"ဘာပြောတယ် နင်တို့မိန်းကလေးတွေကြောင့်"
"နင်တို့ကြောင့်ဟာ နင်တို့ကြောင့်"
တစ်ယောက်နှင့်တစ်ယောက် ပြောဆိုရင်း
တစ်ခန်းလုံးဆူညံပွတ်လောရိုက်နေစဉ်
"ဟိတ် ဘယ်လိုဖြစ်လို့စာသင်ခန်းကဆူနေရတာတုန်း"
"ဒါလား ဆရာအသစ်ဆိုတာ"
"အကုန်လုံးကိုယ့်နေရာကို ထိုင်နေကြစမ်း ငါပြောနေတယ်မကြားကြဘူးလား"
 ကျောင်းသားအားလုံးမလှုပ်မယှက်ကျောင်းဆရာအသစ်ကိုသာငေးမောနေကြသည်။ဒီနေ့ဒီအချိန်ထိ ဒီလိုမျိုးဘယ်ဆရာမှမဆူဖူးသေးချေ။အားလုံးနီးပါးက ပိုက်ဆံရှိအသိုင်းအဝိုင်းထဲ
ကပင်ဖြစ်နေ၍ ဆရာအားလုံးက ပျော်ရင်ပြီးရောဆိုပြီးလွတ်ထားတဲ့အခန်းလည်းဖြစ် စာအညံ့ဆုံးအခန်းလည်းဖြစ်နေသေးသည်။
"ဘာလဲ ကြိမ်လုံးကိုင်မှကြောက်မယ်ဆိုတဲ့သဘောလား အားလုံးလူစုကွဲ ကိုယ့်ထိုင်ခုံကိုယ်ထိုင်ကြ ၁ကနေ၅အတွင်းရေလို့မှ မထိုင်တဲ့သူကိုအပစ်ပေးမယ် "
"ဟဲ့ဘာတွေကြောင်ကြည့်နေတာလဲ မြန်မြန်ထိုင်ကြလေ"
"ဘာလို့ထိုင်ရမှာလဲ မထိုင်ဘူး''
အတန်းထဲက ဆိုးပေ့သုံးယောက်၏ စကားပင်။သူတို့သုံးယောက်သည် အရာရှိမိသားစုနှင့် ချမ်းသာတဲ့မိသားစုဝင်များဖြစ်၍ ပိုပြီးဆိုးသည်။ဆရာတွေလည်း မကြောက်ချေ။ခုလည်း မထိုင်သည့်အပြင် ဆရာ့အားပြန်ပြောနေပြန်သည်။
ဆရာက ဘာမှမပြောသေးဘဲ ၁၂၃ရေး၍
'၁  ၂   ၃   ၄  ၅  ကောင်းပြီ မထိုင်တဲ့သူ၃ဧယာက် လာခဲ့ "
 ၂ယောက်ကို ဂုတ်ပိုးမှကိုင်ကာ တစ်ယောက်ကို အင်္ကျီမှ ဆွဲ၍ အခန်းပြင်သို့ ထွက်သွားလေတော့သည်။သုံးယောက်စလုံး ရုန်းကန်ရင်း ပါသွားလေတော့သည်။
"လွတ်ဗျာ "
"မင်းတို့ကအတော်ဆိုးတယ်ဆိုတဲ့နာမည်နဲ့ကိုလိုက်တာပဲ ကောင်းပြီလေ ငါကလည်းမင်းတို့ကိုကြောက်နေမဲ့ဆရာမဟုတ်ဘူးဆိုတာပြမယ်"
'ဟာ ဘာလုပ်တာလဲ ဘာလို့အင်္ကျီ ချွတ်တာလဲ"
မထင်မှတ်ထားသည့် မြင်ကွင်းဖြစ်သည်။
အခန်းရှေ့ရှိ ကစားကွင်းထဲသို့ ခေါ်ကာ အပေါ်အင်္ကျီချွတ်ခိုင်းသည်။
"ဘာမှမပြောနဲ့ လာ ဒီမှာတစ်နာရီပြည့်အောင်မတ်တပ်ရပ်နေ ဒီနေရာကနေ ခြေတစ်လှမ်းလှမ်းတာနဲ့ ကြိမ်စာမိမယ်"
"ဘာလဲ ရိုက်ရဲလို့လား"
"ဖြန်း"
အခန်းထဲကနေ ကြည့်နေကြသည့် ကျမတို့
အလွန်အံ့သြသွားမိသည်။ကြိမ်လုံးဖြင့် ရိုက်လိုက်သော အသံသည် အလွန်ကျယ်လောင်သည်။ကျမတို့လည်း အ့သြမှင်သက်စွာ ကြည့်နေမိတော့သည်။
'အား  တကယ်ရိုက်တယ်"
"မင်းတို့ပါးစပ်ပိတ်ထား ငါလည်းမင်းတို့နဲ့အတူရပ်နေမှာပါ မင်းတို့ကိုမှထိန်းလို့မရရင်ငါ ဒီတစ်သက်ကျောင်းဆရာမလုပ်တော့ဘူး"
ဆရာ၏ စကားကြောင့်ပို၍သဘောကျသွားသည်။ဆရာသည် တပည့်များအပြင် သူကိုယ်တိုင်နေပူထဲတွင် ရပ်နေလေသည်။သို့သော် အဆိုးသုံးယောက် လုံးဝ လေသံမလျော့ ပြန်ပြောနေမြဲပင်။
"အိမ်ရောက်မှအမေနဲ့တိုင်ပြောမယ်''
''ဟုတ်တယ် ကျောင်းသားတွေကိုနှ်ိပ်စက်တယ်ဆိုတဲ့နာမည်နဲ့အမှုဖွင့်မယ်''
''တိုင်ချင်တဲ့သူနဲ့ တိုင် ဆရာဆိုတာတပည့်ကိုဆုံးမရမဲ့တာဝန်အပြည့်ရှိတယ် ဒီကျောင်းဝန်းအတွင်းမှာ ရပ်နေတဲ့ကျောင်းသားတိုင်းကငါ့ရဲ့သားသမီးပဲ မင်းမိဘတွေလာလည်းငါ့ခွင့်ပြုချက်ရမှ မင်းတို့ကိုခေါ်ခွင့်ရမယ် မင်းတို့မိဘတွေနဲ့လည်းတွေ့ကြည့်တာပေါ့''
အပြင်မှာ ဆရာနဲ့ဟိုသုံးယောက်ဆူညံနေသလို
အတန်းထဲတွင်လည်း ဆူညံနေကြလေသည်။
ထုံးစံအတိုင်းတစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။
''ဟာ ဘယ်လိုဆရာလည်းမသိပါဘူး''
''ဒါမှဒီလိုလူတွေငြိမ်မှာဟ''
''ဟုတ်တယ် ငါတို့အခန်းလည်းဒီလိုမှနောက်မို့ဆိုဘယ်နေ့ကျောင်းပျက်မလဲမသိဘူး''
'ဘာလဲ နင်တို့က ဒီဆရာကိုကြောက်နေတာလဲ'
"မင်းတို့က မိန်းကလေးတွေကိုလာမဲနေတာလား''
"ဟေ့ကောင်ခွန်းသာ မင်းကနေရာတကာဝင်ပါပြန်ပြီ နာချင်လို့လား'
'မင်းတို့ကဘာဖြစ်ချင်လို့လဲ"
အတန်းထဲတွင် ခွန်းသာ နဲ့ ဆက်နောင်တို့အဖွဲ့ရန်ဖြစ်လေပြီ။ထိုအချိန်မှာပဲ ဆရာအပြင်ကနေ လှမ်းအော်လိုက်သည်။
"ဟိတ် ဘာတွေအခန်းထဲမှာဆူနေတာလဲ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်တော့လာမလုပ်နဲ့'
'ငါ့အထင်တော့ဒီတစ်ခါဆရာကအရမ်းထူးခြားနေသလားပဲ''
ထိုစဉ် ကျောင်းခေါင်းလောင်း ထိုးသွားချေပြီ။
'

Comments

Popular posts from this blog

ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)