အစ်ကိုကြီးတော့ အဖရာ အပိုင်း(၄) ဇာတ်သမ်းပိုင်း

"ကိုလား…ချစ်ပါ ချစ်ကိုဘာလို့ရှောင်နေတာလဲဟင် ချစ်ဘာအပြစ်လုပ်မိလို့လဲ "

"ဘယ်က ကိုယ်တွေခေါင်းတွေ လာပြောနေတာလဲ ငါ ကျော်ခေါင်ရဲ့မိန်းမပဲ ဟဲ့ကောင်မ နင်ကဘယ်သူလဲ"

နှိုင်းရတုတစ်ယောက် အံ့သြစွာဖြင့် လက်က ဖုန်းလွတ်ချပြီး ထိုနေရာမှာတင် မေ့လဲသွားသည်။ကျော်ခေါင်နဲ့ နှိုင်းရတုတို့သည် onlineပေါ်တွင် ချစ်သူရည်စားဖြစ်ကာ အပြင်မှာ ချိန်းတွေ့ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် မသိဘဲ မမှားသင့်တာမှားခဲ့ကြသည်။

 ညီမလေးရေ Online ဟူသည်
 သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် အဆိပ်
 ကောင်းစွာအသုံးချတတ်လျှင်
 ဆေးကောင်းတစ်ခွက်ဖြစ်သလို
 အသုံးမချတတ်လျှင်
 ဖြေဆေးမရှိတဲ့ အဆိပ်တစ်ခုပါဘဲ
 ဘယ်အရာပဲ ဖြစ်ဖြစ် ကောင်းစွာအသုံးချတတ်ပါစေ။…

သန့်စင်ဦးတစ်ယောက် နှိုင်းရတု လှဲကျနေသည်ကိုမြင်၍

"ညီမလေး ညီမလေး သတိထားပါဦး"

"အဒေါ်နဲ့ဦးလေး ဆရာဝန်ဆီဖုန်းဆက်ပါဦး"

"မဆက်နဲ့ မဆက်နဲ့  ရတု ဘာမှမဖြစ်ဘူး သွေးအားနည်းလို့ဖြစ်တာပါ "
ရတုတစ်ယောက် ပြောပြောဆိုဆိုနှင့် အစ်ကိုဖြစ်သူကို ဖက်ကာငိုကြွေးလေ၏။

"ညီမလေး ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ငိုတာလဲ ဘယ်နားမကောင်းလို့လဲ"

"မဟုတ်ပါဘူးကိုကို ရတု နောင်တရမိလို့ပါ ကိုကို့စကားကို အစတည်းက နားထောင်ခဲ့သင့်တာ ခုတော့"

"ခုတော့တွေ ဘာတွေလုပ်မနေနဲ့ တိတ်တော့နော် ငါ့ညီမလေးက ငိုရင် အရမ်းရုပ်ဆိုးတာ ငိုနေလိုက်တာများ ကလေးလေးကျနေတာပဲနော်"

"ကျမတို့ အတ္တဆန်မိခဲ့တယ် ကိုညိုမောင် သူတို့နှစ်ယောက်အပေါ်ကျမတို့ အရမ်း ရက်စက်ရာ ကျခဲ့တယ်"

"အေး မင်းပြောမှ ငါလည်းနောင်တရမိတယ် ငါတို့အရမ်းလူမဆန်ခဲ့ပါလားနော်"

"အတိတ်ကို ထားခဲ့ပါတော့ ဦးလေးနဲ့အဒေါ်ရာ
သားရဲ့ ညီမလေး ကို ရွှေမင်းသမီးလေးလို ထားပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ"

"သြော် ခန္တီပါရမီ အားကောင်းလိုက်တာငါ့တူရာမင်းတို့ရဲ့ဘဝကိုမင်းတို့ပြန်နေပါတော့ ငါတို့ဖယ်ပေးပါ့မယ်"

"ဦးလေးနဲ့အဒေါ်ရာ ငယ်ငယ်တုန်းကလို ပျော်ပျော်ရွှင်ရွှင် နေကြမယ်လေနော် • •••"

တကယ်တော့ ကျွန်တော်တို့ရဲ့  လူ့ဘဝဟာ
ရေကန်လိုပါပဲ သူ့ဘာသာဆိုငြိမ်နေတယ်
လေ သို့မဟုတ် ကျောက်ခဲကြောင့်
ငြိမ်နေရာကနေ ထလှုပ်တတ်ကြတယ်
လှုပ်ခတ်တဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါစေဖို့ပါပဲ…

#တစ်လခန့်ကြာသော်#

"ညီမလေးနင် ဒါဘာလုပ်တာလဲ လက်ထဲက ဓားကိုချစမ်း"

"မတားပါနဲ့ ကိုကို ရတု သေချင်တယ် ရတုသေချင်တယ် "

"ညီမလေးရယ် ဘာကြောင့် မိုက်မဲတဲ့အလုပ်ကို လုပ်ရတာလဲကွယ် ညီမလေးသာတစ်ခုခု ဖြစ်ရင် ကိုကို ရင်ကျိုးရချည်ရဲ့ ညီမလေးရယ်ညီမလေး ခုဘာတွေခံစားနေရတာလဲ ပြော ကိုကိုအကုန်ဖြည့်ဆည်းပေးမယ် ကိုကိုရဲ့အသက်ကိုတောင်ပေးရဲပါတယ် ညီမလေးရာ"

ှုနှိုင်းရတု တစ်ယောက် အစ်ကိုကို ဖက်ငို၍ အကြောင်းစုံရှင်းပြသောအခါ အစ်ကိုတစ်ယောက်မေတ္တာဟာလည်း ဖခင်မေတ္တာနဲ့မခြားပါဘူး
ညီမစိတ်နဲ့ ဒေါသ မီးလျှံတောက်ကာ ပုရွတ်ဆိတ်တစ်ကောင်တောင် မသတ်တဲ့သူဟာ ညီမစိတ်ကြောင့် လူသတ်ပြီး ထောင်ထဲဝင်ခဲ့ရတာပေါ့…

ကျွန်ုတော့်ဘဝကတော့ ဒီအဖြစ်လေးပါပဲ။    ။
        ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။အစ်ကိုကြီးတော့အဖရာဆိုတဲ့အတိုင်း   အဖေ့မေတ္တာနဲ့မခြားညီမလေးကို ချစ်ပေးနိုင်လို့ဂုဏ်ယူပါတယ်။

 ယနေ့ထောင်ကထွက်သည်မို့ လေကောင်းလေသန့်ကို စတင်ရှုရှိုက်ရတော့သည်။ထောင်တံခါးကိုဖွင့်လိုက်သည်နှင့် တွေ့ရသည်မြင်ကွင်းက အလွန်ကြည်နူးဖွယ်ပင်။

"ကိုကို…"
ကလေးတစ်ယောက်ကို လက်ကဆွဲလျက်
နှိုင်းရတု၏ ခေါ်သံပင်။

"ညီမလေး…"
ဟန်မဆောင်နိုင်ဘူး။မောင်နှမနှစ်ယောက် ပြေးဖက်မိတော့သည်။နှိုင်းရတုမျက်ရည်သုတ်ကာ

"ကိုကို ဒါကိုကို့ရဲ့တူလေး နှိုင်းသော်စင်ဦး။"

"အင်းပါညီမလေးရယ် ခုကိုကိုတို့ဘဝကို အသစ်စကြတာပေါ့…''

ဒီလိုနဲ့ မိသားစုဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ခံစားခွင့်ရခဲ့တော့သည်။   ။        
                         

 လူတစ်ယောက်ကြောင့် ဘဝနှစ်ခုသုံးခု ပျက်စီးနိုင်သလို လူတွေတီထွင်ထားတဲ့ Onlineအစရှိသော အရာများသည်လညိး ယနေ့ခေတ်တွင် လူအများရဲ့ဘဝတွေကိုမရေမတွက်နိုင်အောင် ပျက်စီးနေပေသည်ကို မျက်ကွယ်ပြု၍ မရပါ။

    ပြီးပါပြီ။   ။

             တုနှိုင်းမဲ့(သစ္စာ)

Comments

Popular posts from this blog

ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)