ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ကျမ သတိထားမိလိုက်ပြီ။ဆရာ ဒီကိစ္စကို ကြိုသိ၍ ပညာသားပါပါ လုပ်လိုက်ခြင်းဖြစ်လေမည်။
''ထိုင်ခုံမှာအပ်တွေ စိုက်ထားတာလေ''
''ကျနော်ပြောချင်တာလဲဒါပါပဲ ဒီထောင်ချောက်ကိုအစ်မသားဆင်ထားတာပါ''
ဆရာ့ရဲ့စကားကြောင့် အားလုံးတစ်ယောက်တစ်ပေါက်ပြောကြပြန်ပြီ။ဆရာသည် အခြားသော ဆရာတွေနဲ့မတူတာတော့ ကျမတို့လက်ခံရလိမ့်မည်။အခြားသောဆရာများသည်လည်း ဒီလိုအဖြစ်အပျက်မျိုးကို ကျော်လွှားနိုင်သူက မရှိသေးချေ။ဆရာသည် ကျောင်းသားတွေရဲ့ ရင်ထဲ ပထမဆုံးဝင်ရောက်ခဲ့နိုင်လေတော့သည်။
''ဆရာကသိတယ်ဟ ''
''ငါကဒီဆရာကိုတုံးမယ်လို့ထင်ထားတာ ခုတော့''
''ဟိတ် ကလေးတွေတိတ်စမ်း''
ဆရာ့ရဲ့ အော်ငေါက်သံ ကြောင့် အခန်းသည် တိတ်ဆိတ်သွားရပြန်ပြီ။
''ဇွဲထက် ဒီကိုလာဦး''
ဇွဲထက် ထိုင်ခုံမှထ၍ လက်ကလေးပိုက်လျက်
ခေါင်းငိုက်ကာ ဝန်ခံရတော့မည်။
''ဟုတ်ကဲ့ ''
''ဒီထောင်ချောက်ကနင်ဆင်ထားတာလား''
'ဒါဒါကလေ အမေ''
ဇွဲထက် စကားပင် ထစ်နေလေပြီ။အမှတ်မထင် ဆရာသည် ဇွဲထက်အား…
''ဇွဲထက် မင်းရဲ့ကျောင်းလစဉ်စာမေးပွဲအမှတ်တွေအံဆွဲထဲမှာရှိတယ် ထုတ်ပြလိုက်လေ''
''ဆရာ ဟိုလေ''
''ဆရာပြောနေတယ်လေ ငါ့ဒေါသကို နင်သိတယ်နော် နင့်အမှတ်တွေယူပြစမ်း ''
''အမေ အံဆွဲထဲမှာ''
''အံဆွဲထဲမှာဘာဖြစ်လဲ ''
''ကြွက်ထောင်ချောက်ရှိတယ် အမေ''
''ကြွက်ထောင်ချောက်ဟုတ်လား ဒါဆိုဒီထောင်ချောက်တွေက နင်လုပ်တာပေါ့လေ''
ဒီတစ်ခါတော့ ဇွဲထက် ငြင်းမရတော့ပြီ။ဝန်ခံလိုက်ရတော့သည်။
''ဟုတ်ကဲ့''
သူ့သားရဲ့ လုပ်ရပ်ကြောင့် ဇွဲထက်အမေလည်း
အရှက်ရသွားဟန်တူသည်။
''အစ်မကိုကျနော်တစ်ခုပြောချင်တဲ့ ကိုယ့်ကလေးကိုတကယ်ချစ်ရင်တခါတလေ ရိုက်ပြီးဆုံးမသင့်ရင်လည်းဆုံးမရမယ် ဒါကလည်းသူတို့ကောင်းစားဖို့အတွက်ပါပဲ သူတို့လေးတွေကိုကျနော်ရိုက်လိုက်တဲ့အချိန်မှာလည်းကျနော့်ရဲ့နှလုံးသားနာကျင်ရပါတယ် ကျနော်ကတိပေးပါတယ် သူတို့တွေလိမ္မာလာတဲ့နေ့ကစပြီး ကြိမ်လုံးမကိုင်တော့ဘူးလို့''
''ဟုတ်ကဲ့ပါဆရာ ကျမလည်း သားသမီးကိုပဲယုံလိုက်မိတယ် နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်ဆရာ''
''ဟုတ်ကဲ့ ရပါတယ်''
''ဒါဆိုပြန်ခွင့်ပြုပါဦးဆရာ ဇွဲထက်အမှားရှိရင်ရိုက်ပြီးဆုံးမခွင့်ရှိပါတယ်ဆရာ''
''ဟုတ်ကဲ့''
''ဇွဲထက် နင်နဲ့ငါအိမ်ရောက်ရင်တွေ့မယ်"
ဇွဲထက်အမေလည်း ရှက်ခြင်း ဒေါသထွက်ခြင်းများနှင့်အတူ အခန်းပြင်သို့ထွက်သွားတော့သည်။ဆရာလည်း ဘာတစ်ခွန်းမှစကားမဆိုဘဲ
စာသင်ရန် စာအုပ်ထုတ်ခိုင်းသည်။အချိန်ကစေ့သွားချေပြီ။အင်္ဂလိပ်ဆရာအချိန်ဖြစ်၏။သို့သော်အင်္ဂလိပ်ဆရာ ဒီနေ့လာမည်မဟုတ်သည်ကို ကျမတို့သိသည်။ဆရာလည်း သိဟန်တူသည်။
''ကဲကဲ စာသင်မယ်စာအုပ်တွေထုတ်"
''ဘာ ဘာစာသင်မှာလဲ''
''အားလုံးမတ်တပ်ရပ်''
''ဇေယျာညီ မင်းရဲ့နားကနားကပ်ငါ့ကိုဖြုတ်ပေး''
''ဟုတ်ဟုတ်ကဲ့''
''မိုးစက်မင်းရဲ့ဖုန်းပေးပြီးတော့ ပုဆိုးကိုသေချာဝတ်ထားစမ်းကွာ''
''ဟုတ်ကဲ့''
''ယောက်ျားလေးတွေကိုပြောမယ် ဒါကျောင်းဖုန်းမယူလာရဘူး ယောက်ျားလေးကနားကပ်ပန်ချင်ရင်အခြောက်ပဲ နောက်နေ့ထမီ ဝတ်လာခဲ့ မင်းတို့ကကျောင်းသားတွေကွ အပြင်လူမဟုတ်ဘူး''
''ဟုတ်ကဲ့''
'ဖုန်းပါလာတဲ့လူတွေလာပေးထားကြ ငါအားလုံးလိုက်မရှာချင်ဘူး ပြီးတော့ညနေကျောင်းဆင်းရင်ပြန်ယူသွားလို့ရတယ် မနက်ဖြန်ဖုန်းထပ်ယူလာတဲ့သူကတော့ ဖုန်းရောလူရော လွှတ်ပစ်ခံရမယ်''
''ဟုတ်ကဲ့ပါ ဆရာ"
'မိန်းကလေးတွေ လက်သည်းကအရှည်ကြီးတွေနဲ့ မျက်နှာကလည်းကာခြယ်တွေနဲ့နှုတ်ခမ်းနီကလည်းနီရဲနေတာပဲ အခုဖျက်ရမ်း'
''ဟုတ်ဟုတ်ကဲ့''
''ကျောင်းသူဆိုတာ မျက်နှာမှာဘာမှမခြယ်ရဘူး သနပ်ခါးလိမ်းချင်ရင်လည်း ပါးပါးလေးလိမ်းလာခဲ့ အားလုံးမနက်ဖြန် စာအုပ်တွေအပြည့်အစုံယူလာကြ စာသင်မယ် (F)အခန်းကိုရောက်နေတယ်ဆိုးတည်းက မင်းတို့ကစာအရမ်းတော်နေလို့ပဲ''
''ဆရာဘာကိုပြောတာလဲ စာညံ့လိုမဟုတ်ဘူးလား''
''မဟုတ်ဘူး မင်းတို့ကစာတော်တယ် စာတော်လွန်းလို့စာမကျက်ချင်တော့လို့ Fအခန်းကိုရောက်နေတာ''
'ဟုတ်ဟုတ်ကဲ့'
ဒီလိုနဲ့ကျောင်းသားတွေကျောင်းသားနဲ့တူလာပြီ ကျောင်းမှာလည်းစာသင်တဲ့အသံတွေနဲ့ ကျက်သရေ ရှိလာပြီကျောင်းသားအားလုံးကလည်းဆရာကိုဆရာမှန်းသိလာခဲ့ပြီ။ဆိုးသွမ်းသည့် တပည့်များလည်း မရှိတော့ချေ။ဆရာသည် တပည့်များအပေါ် အဘက်ဘက်မှ လမ်းမှန်ပြသပေးသူလည်းဖြစ်သည်။တစ်နေ့ မုန့်စားဆင်းချိန်တွင် နောင်နောင်နဲ့ နဒီအောင် နှစ်ယောက်တည်း စကားထိုင်ပြောနေသည်ကို ဆရာမိသွားလေသည်။

Comments

Popular posts from this blog

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)