ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)

''နောင်နောင် အဲ့ဒါဘာလုပ်နေတာလဲ''
''ဆရာဒါကလေ ''
''ပြောပါဦး နဒီအောင် ဒီမှာဘာလုပ်နေတာလဲ''
''ဆရာသူ သူက''
''လာကျောင်းခန်းထဲသွားမယ် ''
ဆရာနှစ်ယောက်စလုံးကို နားရွက်လိမ်ဆွဲကာ
အခန်းထဲခေါ်လာတော့သည်။တစ်ခန်းလုံး အံ့သြမှင်သက်စွာ ကြည့်နေရုံမှအပ တခြားအတွဲတွေလည်း သေပြီဆိုတဲ့အတွေးတွေ ဝင်နေမိသည်။
''အားလုံးမတ်တပ်ရပ် မင်းတို့ထဲကအတွဲတွေထွက်လာစမ်း ငါအားလုံးသိတယ်နော်''
''ဟာ နောင်နောင်နဲ့နဒီအောင်လုပ်တာနဲ့တစ်ခန်းလုံးသေပြီဆရာပဲ''
''မင်းတို့ကိုငါပြောမယ် မင်းတို့အခုမှ၈တန်းရှိသေးတယ် ပြောနောင်နောင် မင်းသူ့ကိုတကယ်ချစ်လား''
''ဆရာဒါက ''
''မေးတာဖြေ ''
''ချစ်တယ် ဆရာ''
''ကောင်းပြီ မင်းနဲ့သူလက်ထပ်ရင်မင်းသူ့ကိုဘာလုပ်ကျွေးမလဲ ''
''ဆရာကဒါက ဘယ်လို''
ဆရာ့ အမေးကို သူမဖြေနိုင်တော့ပေ။
''ငါပြောမယ် မင်းတို့အခုနေချစ်သူရည်းစားထား ပညာတစ်ပိုင်းတစ်လက်စနဲ့ကျောင်းထွက် ဒုက္ခတွေရောက်မယ် အခု၈တန်းနဲ့ရည်းစားထားရင်၈တန်းနဲ့ရမယ် မင်းတို့တစ်နေ့ပညာတတ်ပြီးချစ်သူရည်းစားထားရင်တော့ မင်းတို့နဲ့ထိုက်တန်တဲ့သူကိုရမယ် ငါပြောမယ်ငါတို့ငယ်ငယ်ကမိဘတွေကမပြေလည်ဘူး ကျောင်းတက်တာလှေလေးနဲ့သွားတတ်ရတာ အဝတ်ကလည်းမင်းတို့ကိုမသစ်လွင်ပါဘူး ငါအဲ့လိုကျောင်းတက်ခဲ့ပြီးတော့ဆယ်တန်းကိုဂုဏ်ထူးခြောက်ဘာသာပါခဲ့တယ် ငါ့မှာလည်းချစ်သူရှိတာပေါ့ ဆယ်တန်းအောင်တော့သူ့ကိုငါဖွင့်ပြောခဲ့တယ် သူကငါ့ကိုဆေးကျောင်းတက်တဲ့ ဆရာဝန်ဖြစ်ရင်လက်ထက်မယ်တဲ့လေ ငါသူနဲ့လမ်းခွဲခဲ့တယ် ငါအဝေးသင်တတ်ပြီးကျောင်းဆရာဖြစ်အောင်ကြိုးစားခဲ့တယ်ခုဆိုမိဘပေါ်သိတတ်တဲ့သူလည်းဖြစ် ပြီးတော့ ငါသင်ပေးလိုက်တဲ့သူတွေထဲကနေ ဆရာဝန်တွေ အင်ဂျင်နီယာတွေတောင်ဖြစ်ကုန်ကြပြီ ကဲပါဒါတွေထားလိုက်တော့ အခုချစ်သူရည်းစားထားတာကိုမပြောလိုပါဘူး ဒါပေမဲ့ ဆယ်တန်းအောင်မှထားကြကွာ''
''ဟုတ်ကဲ့ ''
''ကဲကဲ ကိုယ့်နေရာကိုပြန်ထိုင်ကြတော့ ဆရာမင်းတို့အမှတ်တွေပြောမယ် ''
''အမှတ်တွေပြောမယ်တဲ့ ကြယ်စင်နင်ကတော့အဆင့်၁ရမှာငါသိတယ်''
အမှန်ပင် တစ်ခန်းလုံးတွင် ကြယ်စင်သည် စာအတော်ဆုံးဖြစ်လေသည်။အမြဲလိုလို အဆင့်၁လည်း ရစမြဲပင်။ကျမကတော့ လူ၃၀ဆို အဆင့်၁၅ရနေကျပါ။ဒီတစ်ခါတော့ စိတ်ထဲကနေဆုတောင်းနေမိသည်။အမှတ်ကောင်းမည်ဟု ယုံကြည်နေခြင်းကြောင့်ပင်။ခွန်းသာကလည်း သူ့အဆင့်ကို ခန့်မှန်းခိုင်းပြန်လေသည်။
''ဒါဆိုငါကောဘယ်လောက်လဲပြောကြည့်ပါအုံး''
''ခွန်းသာနင်ကတော့ အတန်းထဲမှလူ၃၅ယောက်ရှိတာ နင့်အဆင့်က၃၆ပဲ''
''ကဲအဆင့်၁ကတော့ ကြယ်စင်ခ ၅၄၃မှတ်''
''ဟမ် ၅၄၃မှတ်ဆို Aခန်းရဲ့အဆင့်၁အမှတ်ကိုကျော်နေပြီ''
''အဆင့်၂ရှင်းသန့်ဖြူ ၅၄၀ မရှန်းမလေး အရမ်းရှန်းတယ်နော်''
''ငါ ငါက အဆင့်၂တဲ့''
အားလုံး အံ့သြသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ကျမကိုယ်တိုင်လည်း အံ့သြနေမိသည်မှာအမှန်ပင်။အဆင့်၁ တူ ၁၀ ငယ်ငယ်ကသာရခဲ့ဖူးသည်။ခုမှ အဆင့်၂ပြန်ရ၍ ပြောမပြတတ်အောင်ဝမ်းသာနေမိသည်။
''နဒီအောင် အဆင့် ၂ပဲ  ရတုပိုင် အဆ
ဆင့်၎''
''ဆရာသားက ၃မဟုတ်ဘူးလား''
''မင်းကတော့လေ ၂နှစ်ယောက်ထက် သွားလို့၎ရောက်သွားတာကွ မင်းကစာတော်တယ် နုံတုံတုံသိပ်မလုပ်နဲ့ စာကိုအသေမကျက်နဲ့အဓိပ္ပာယ်ကိုသေချာနားလည်အောင်လုပ်''
''ဟုတ်ကဲ့ဆရာ''
ဒီလိုနဲ့အညံ့ဆုံးအခန်းကအတော်ဆုံးအခန်းဖြစ်လာခဲ့တယ် ခုဆို၁၀တန်းAပေါ့။ ကျောင်းသားတွေရဲ့တောင်းဆိုချက်အရဆရာကနားချိန်မှာ ကျမတို့ကိုမြန်မာစာလာသင်ပေးတယ်လေ။ဒီလိုနဲ့ကျောင်းရဲ့နှုတ်ဆက်ပွဲကိုရောက်လာတော့မယ်။
''နှုတ်ဆက်ပွဲရောက်တော့မယ်နော်''
''ဟုတ်တယ်ဟ ငါတော့ဆရာနဲ့စာတွေသင်ချင်တုန်းပဲဟာ''
 ''ငါတို့အားလုံးအတူတူပါပဲဟာ''
''ငါအကြံရပြီ''
''ဟမ် ဘာလဲဟ ''
''အားလုံးလာကြ''
''ဘာလဲခွန်းသာ''
''ငါတို့ကျောင်းနှုတ်ဆက်ပွဲကိုထူးထူးခြားခြားလေးဖြစ်အောင်လူပ်ကြရအောင် "
''ဘယ်လိုလုပ်မှာလဲ ''
''ဒီလိုလေဟာ''
ဒီလိုနဲ့ ကျမတို့တစ်ခန်းလုံး စည်းစည်းလုံးလုံးနဲ့ နှုတ်ဆက်ပွဲအတွက် တိုင်ပင်ခဲ့ကြသည်။
''ဒီနှစ်ကျောင်းနှုတ်ဆက်ပွဲလေးကတော့ ထူးဆန်းပါတယ်ရှင် ၁၀တန်းAအခန်းမှ ကျောင်းသားလေးတွေရဲ့အဆိုအကလေးတွေနဲ့ ဆရာဆရာမတွေကိုနှုတ်ဆက်ကြမှာပါ''
'***မြတ်ဆရာသူ့လိုဆရာ စေတနာမြင့်မြတ်လေးစားအပ်သောချစ်သောဆရာ ဘုရားတရားသံဃာမိဘနဲ့နှိုင်းတစ်ဂိုဏ်းထဲထား လေးစားအပ်သောဆရာ-မြတ်ဆရာသူ့လိုဆရာ'***
''ဆရာကသားတို့သမီးတို့အားလုံးအတွက် ဘယ်တော့မှရင်ထဲကပျောက်ကွယ်သွားမဲ့သူမဟုတ်ပါဘူး ''
''ဟုတ်ပါတယ်ဆရာကသားတို့သမီးတို့ရဲ့ဘဝတိုးတက်ဖို့အတွက်ရေလောင်းပေါင်းသင်ပေးတဲ့ဥယာဉ်မှုးဆိုလည်းမမှားပါဘူး ''
ဟောခန်းတစ်ခန်းလုံးငိုကြွေးသံတွေ ခံစားချက်တွေဖွင့်ဟလာတဲ့အသံတွေနဲ့ပြည့်နက်နေတော့တယ်။
''အခု ဆရာဦးကျော်စွာခေါင်မှတပည့်များကိုဆုတောင်းစကားနဲ့အမှာတမ်းစကားများပြောကြားရမှာဖြစ်ပါတယ်''
"ဟုတ်ကဲ့ အခုဆရာအရမ်းပျော်ရွှင်မိပါတယ် သားတို့သမီးတို့ဆရာကိုတကယ်ချစ်တယ်ဆို ခုဆယ်တန်းစာမေးပွဲကိုထူးချွန်စွာဖြေပေးကြပါ ကျောင်းဂုဏ်ဆောင်နိုင်တဲ့သူတွေဖြစ်ပါစေ ရှေ့ဆက်လျှောက်ရမဲ့အနာဂတ်လည်းတောက်ပပါစေ ဂုဏ်ထူးတွေလည်းပါပါစေ'
''ပေးတဲ့ဆုနဲ့ပြည့်ပါစေ''
''ကဲကဲ ငိုမနေကြနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့''

Comments

Popular posts from this blog

ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)