ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၆) ဇာတ်သိမ်းပိုင်း
ကျမတို့ကို မငိုဖို့ပြောတဲ့ဆရာကိုယ်တိုင် မျက်ရည်ကျနေသည်ကို ကျမတို့ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ခြင်းပင်။ကျမအတွက်တော့ဆရာဟူသည်…
တပည့်အားလုံးရဲ့ဒုတိယမိဘပါ
တပည့်အားလုံးရဲ့ပန်းပျိုးလက်ပါ
တပည့်အားလုံးရဲ့ခေတ္တခိုနားရာပါ
တပည့်တွေရဲ့လမ်းပြကြယ်တစ်စင်းပါ
တပည့်ကောင်းတွေမွေးထုတ်ပေးတဲ့မိဘပါပဲ။
ခုဆိုကျမကကျောင်းဆရာမ ရှင်းသန့်ဖြူဖြစ်နေပါပြီ။ ကြယ်စင်ချိုကတော့ဆရာဝန်ကြီးဖြစ်နေပြီပေါ့။ရတုကတော့ပေါတောတောနဲ့သာပြောတယ် အင်ဂျင်နီယာဖြစ်နေပြီ။
ခွန်းသာကတော့ စစ်ဗိုလ်ကြီး ဖြစ်နေပြီလို့ သတင်းကြားတယ်။သူငယ်ချင်းတွေနဲ့ခွဲခွာခဲ့ရသည်များကို ကျမပြန်လည်စဉ်းစားနေမိသည်။ထိုအချိန်မှာပဲ…
မြတ်ဆရာသူ့လိုဆရာ စေတနာမြင့်မြတ်လေးစားအပ်သောချစ်သောဆရာ~~
''ဟယ်လို ''
''ဖြူ''
''ဟယ် ကြယ်စင်ပါလား ဆရာဝန်မကြီးက ဖုန်းဆက်ချိန်ရှိသေးတယ်ပေါ့''
'ဟဲ့ ငါပြောတာနားထောင်ဦး '
''နင့်အသံကဘာဖြစ်နေတာလဲ''
''အခုလေ ဆရာဦးကျော်စွာခေါင်''
''ဟင် ဆရာ ဆရာဘာဖြစ်လဲ''
''ဆရာဆေးရုံရောက်နေတယ်''
''ဘယ်လိုဖြစ်တာလဲ''
''ငါဟိုနှစ်ယောက်ကိုဖုန်းဆက်ပြီးပြီ ခွန်းသာကတော့ မွန်ပြည်နယ်မှာတာဝန်ကျနေတာလေ နင်ကလည်း''
ကျမလည်း တုန်လှုပ်ခြောက်ခြားစွာ လာမည်ဟု မနည်းအားပြုပြောလိုက်ရသည်။
''ငါမနက်ဖြန်လာခဲ့မယ်''
''အေး ရတုလည်းလာမယ်တဲ့ခွန်းသာရောပဲ ခုဆရာ့ကေ့ကို ငါ့ဦးလေး ကိုင်ထားရတာ နင်တို့ရောက်မှငါပြောပြမယ် မနက်ဖြန်ဆေးရုံမှာတွေ့မယ်လေ''
''အင်းပါ ''
ကျမစိတ်တွေ လေးလံထိုင်းမှိုင်းနေသည်။
'ဆရာဘာများဖြစ်လို့လဲ'ဟုအတွေးတွေနဲ့ မနက်ဖြန်ဆေးရုံသွားဖို့ ပြင်ဆင်လိုက်ရတော့သည်။
******-***
''ကြယ်စင် ခွန်းသာနဲ့ ရတုမလာသေးဘူးလား"
'' ခွန်းသာ ကဆရာ့အနားမှာ ရတုကနောက်တစ်နာရီလောက်နေရင်ရောက်မယ်တဲ့''
"အင်းပါ ကြယ်စင်ပြောပါဦး ဆရာကဘယ်လိုဖြစ်တာတုန်း'
''ဆရာ ဆရာက လည်းချောင်းကင်ဆာဖြစ်နေတာ နောက်ဆုံးအဆင့်ဖြစ်နေပြီ''
''ဟင် ဘယ်လိုဖြစ်ရတာလဲဟာ''
''ဆရာရဲ့လည်ပြွန်မှာ မြေဖြူအမှုန့်တွေ မှင်မှုန့်တွေပိတ်ဆို့နေတာကြာပြီ''
''ဟုတ်တယ်ဟ ဆရာကကိုယ်တိုင်ပဲWhitebook ဖျက်တာလေ ကျောင်းသားတွေကိုအဖြတ်မခံဘူး''
''ဟော ဟိုမှာရတုရောက်ပြီ''
'အင်းကြယ်စင် နင်ဖုန်းထဲမှာပြောထားလို့ငါအကုန်သိပြီးပါပြီ''
''ခုဆရာ့ရဲ့အခြေအနေက''
''မရတော့ဘူးဟ''
'ဒါနဲ့ ဆရာ့မိသားစုကော''
''ဆရာမှာမိသားစုမရှိတော့ဘူး လူပျိုကြီးဟ ဆရာ့မိဘတွေကလည်းရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတာကြာပြီတဲ့''
"ဒါဆို ဆရာက''
''ခုနောက်ဆုံးအခြေအနေပဲဟ ငါတို့သွားကြရအောင်လေဆရာ့ရဲ့နောက်ဆုံးအခြေအနေကိုငါတို့''
''ရှင်းသန့်နင်ကလည်း ငိုနေမယ်ဆိုတာချည်းပဲ လာဆရာ့ဆီသွားမယ် မျက်ရည်သုတ်လိုက်ဦး''
အမှန်ပင် ကျမ မျက်ရည်အရမ်းလွယ်သည်။
ခုလည်း အတားအဆီးမရှိ မျက်ရည်ကျနေမိသည်။သို့သော် ဆရာ့ရှေ့မှာ မငိုအောင် မျက်ရည်သုတ်ကာ အားတင်းရင်း အခန်းတွင်းသို့ နောက်မှလိုက်ဝင်သည်။ရတု စကားစလိုက်သည်။
''ဆရာ သားတို့ကိုမှတ်မိရဲ့လား''
ရတု ရဲ့စကားကို ဆရာကစကားမပြောနိုင်ရှာဘူး။ဆရာ့ပုံစံက လုံးဝလက်လျော့နေသည့်ပုံစံပင်။
''ဆရာကလည်းပင်စီယူလိုက်တာနဲ့ပဲစိတ်လျော့တော့မလို့လား သားတို့ရဲ့ကလေးတွေကိုဆရာစာသင်ပေးဦးလေဆရာ''
''ဟုတ်ပါတယ်ဆရာ''
''ဟင်ဆရာ ဘာပြောချင်လို့လဲမသိဘူး နက်စ် အောက်စီဂျင်ဘူးခဏဖြုတ်ပေးလိုက်ပါ''
''ဆရာဘာပြောချင်လို့လဲ''
'ရှင်းသန့်ဖြူ "
''ဟုတ်ကဲ့ဆရာသမီးကိုဘာပြောမလို့လဲ ပြောပါဆရာ''
ဆရာ အကြည့်တွေက ကျမဆီကိုရောက်လာသည်။ဆရာသည်လည်း ကျောင်းသားတွေရဲ့သတင်းကို နားစွင့်နေသည်ဖြစ်မည်။ကျမ ကျောင်းဆရာမဖြစ်သည်ကို ဆရာသိနေသည်။ထူးဆန်းသည်တော့မဟုတ်ပါဘုး။
''သမီးကျောင်းဆရာမကောင်းဖြစ်အောင်ကြိုးစားပါ ကျောင်းသားတွေအပေါ် အဆင့်အတန်းမခွဲပါနဲ့''
''စိတ်ချပါဆရာ သမီးဆရာ့လိုဆရာကောင်းတစ်ယောက်ဖြစ်စေရပါမယ်''
''ကျန်တဲ့သုံးယောက်လည်းအများကောင်းကျိုးကို သယ် ပိုး နိုင်ကြ…"
တီတီ…တီတီ…
"ဆရာ ဆရာ ''
'ကြယ်စင်လုပ်ပါဦး နင်ဆရာ့ကိုကယ်ပါ''
ကြယ်စင် ခေါင်းသာခါနေသည်။
''ဘာတွေခေါင်းခါနေတာလဲ ကြယ်စင်''
''မရတော့ဘူး ဖြူ ဆရာငါတို့ကိုထားသွားပြီ''
''မဟုတ်ဘူး ကြယ်စင်နင်ဆရာ့ကိုကယ်ရမယ်''
ကျမ လောကထဲကနေ ဆရာထွက်သွားပြီ။
မျက်လုံးထဲ ကောင်းကင်ပြိုကျသည့်ဟန်ပင်။
'ဖြူ သတိထားပါဦး ဖြူ ဖြူ'
''ဆရာဆုံးပြီ ဆရာသမီးတို့ကိုထားခဲ့ပြီပေါ့ ဆရာ''
'ဖြူ နင်စိတ်ထိခိုက်နေတဲ့အတိုင်းငါတို့လည်းစိတ်ထိခိုက်ရပါတယ်ဟာ ''
ဟုတ်တယ် ခုငါတို့ဆရာ့ရဲ့အသုဘအခမ်းအနားကိုတာဝန်ယူပြီးလုပ်ရုံကလွှဲပြီး ဘာမှမတတ်နိုင်တော့ဘူး ဖြူ'
ဆရာ့သတင်းကိုကြားပြီး
ကျောင်းသားဟောင်း အတော်များများလာရောက်ကူညီကာဆရာ့ ဈာပနအခမ်းအနားပြီးသွားခဲ့သည်။ဆရာက ကျမတို့အတွက် ရင်ထဲမှာ ထာဝရဆရာကောင်းတစ်ယောက်အဖြစ် သမိုင်းတွင် ကျန်ရစ်နေခဲ့တော့သည်။
မြတ်ဆရာသူ့လိုဆရာ စေတနာမြင့်မြတ်လေးစားအပ်သော ချစ်သောဆရာ မြတ်ဆရာ
*ပြီးပါပြီ*
တုနှိုင်းမဲ့(သစ္စာ)

Comments
Post a Comment