အစ်ကိုကြီးတော့ အဖရာ အပိုင်း(၃)
"ဒေါ်ကြီးသန်းသန်း ဖေဖေနဲ့မေမေကော "
"ကိုကိုလေး ဆရာလေးနဲ့ဆရာကတော် ကိုကိုလေးအဖွား နေမကောင်းလို့ ပုသိမ်ကိုလိုက်သွားပါတယ်"
"ကလင် ကလင် "
"ဟယ်လိုအမိန့်ရှိပါရှင် "
"ရှင်.…
ကိုကိုလေးနဲ့ မမလေး ဆရာလေးနဲ့ဆရာကတော် ဆုံးပြီရှင့်•••"
ကျွန်တော့်ဘဝ ကံကြမ္မာကြီးတစ်ခုလုံး
မိုးနဲ့မြေကြီးလို ဇောက်ထိုးဖြစ်ခဲ့ရပြီ
အတိတ်ဘဝရဲ့ ဝဋ်ကြွေးလို့ပြောရမလား
မိုးပေါ်ကဘဝနှစ်ခု မြေပေါ်သို့သက်ဆင်းကြွေခဲ့ရပြီသကား
……………
ကျွန်ယုံတော့ တစ်ဖက်ကန်းဆိုသလိုပဲ လူတွေရဲ့ဒေါသမောဟက ကြောက်စရာကောင်းလှပေသည်။ငွေကိုမြင်၍ လူဘဝကနေ ဘီလူးများသဖွယ် အစွယ်များထွက်ကာ ရန်ပြုလာကြပြီး ကိုယ်ချင်းစာတရားခေါင်းဟူသည် ဘာမှန်းမသိဖြစ်ခဲ့ရသည်။တူ နဲ့တူမလို့မမြင်တော့ပေ။ ကျွန်ုပ်မောင်နှမနှစ်ယောက်ရဲ့ဘဝက မင်းသမီးမင်းသားဘဝကနေကျွန်ဘဝ ရောက်ခဲ့ရပေတော့တယ်။မိဘနှစ်ပါးလုံးဆုံးပါးပြီး အဖွားဟာလည်းတစ်နေ့တည်းမှာဘဲ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်။၇တန်းအရွယ်ကျောင်းသားဘဝကနေ ကျနော်က ခြံသန့်ရှင်းရေး တံခါးစောင့်ဘဝကို ရောက်ခဲ့ရတယ်။သားသမီးမထွန်းကား၍ ညီမလေးကိုတော့ ၄တန်းဆက်ထားပေးပြီး သမီးအရင်းလို ဆက်ဆံကြတယ်။အများအမြင်တွင်တော့ ကလေးကိုသူတို့ကစောင့်ရှောက်ထားပြီး အိမ်ကိုထိန်းသိမ်းထားသဖွယ် ပေါ့ …
~~ခုနှစ်နှစ်ခန့်ကြာသော်~~~
"ငါ့ ညီမလေးတောင် တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီပဲ လိမ်လိမ်မာမာနေနော်"
ကျွန်တော် ညီမလေးကို ကြည့်ပြီး ပျော်ရွှင်နေမိသည်မှာအမှန်ပင်။ခုဆို တက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီ။ရင်ထဲမှ မြိုသိပ်မထားနိုင်၍ နှုတ်မှပြောလိုက်ခြင်းဖြစ်သည်။သို့သော်
ညီမလေး လုံးဝပြောင်းလဲသွားပြီ။
" ဘာ ညီမလေးဟုတ်လား ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ဦး ဒီပုံစံနဲ့ရတုရဲ့ အစ်ကိုဟုတ်လား ရယ်တောင်ရယ်ချင်သေး ဟားဟား"
"ညီမလေးရယ် ရက်စက်လိုက်တာ စကားကြမ်းတွေမသုံးပါနဲ့လား ကိုကိုတောင်းပန်ပါတယ် ညီမလေးရာ"
"ဟေ့ကောင် သန့်စင်ဦး ကိုယ့်အဆင့်ကိုယ်မသိဘူးလား လူဆိုတာ ကိုယ်နဲ့တန်ရာတန်ရာ နေရတယ် မင်းတော့ကွာ"
"တော်ပြီ ဖေဖေ သမီးကျောင်းသွားတော့မယ် မုန့်ဖိုး(1)သိန်း ပေး ဝယ်စရာရှိလို့"
"ဟ သမီး အဖေမနေ့က မှ ပေးထားတာ ကုန်ပြီလား အေးပါ ရော့ သမီးလိုချင်တဲ့ငွေ"
"ဟုတ် ဖေဖေသမီးသွားပြီ မေမေ့ကိုပြောလိုက်နော် သမီးသွားပြီလို့••"
သန့်စင်ဦးတစ်ယောက်စိတ်ထဲကနေ ရေရွတ်မိသည် ငါ့ညီမလေးကို အလိုမလိုက်သင့်တဲ့နေရာမှာ အလိုလိုက်ထားကြတယ် ငါ့ညီမလေး ငွေရဲ့သားကောင် မဖြစ်ပါစေနဲ့ကိုကို ဆုတောင်းနေပါတယ် ညီမလေးရေ
တကယ်တော့ ငွေဟာ
မရှိမကောင်း ရှိမကောင်း
ငွေဟာ လိုက်ရင်ပြေးတယ် ပြေးရင်လိုက်တယ်
သုံးသင့်တဲ့နေရာသုံးပါ
မဖြုန်းသင့်သည့်နေရာမဖြုန်းမိစေနဲ့
ငွေကသင့်အား ဒဏ်ခတ်တတ်တယ်။စိတ်ထဲကနေ ရေရွတ်နေမိတော့သည်။
Comments
Post a Comment