အစ်ကိုကြီးတော့ အဖရာ အပိုင်း(၂)




 မိသားစုပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ပျော်စရာကမ္ဘာကြီး တစ်ခုပေါ့ဗျာ အရာရာပြည့်စုံနေတဲ့ဘဝကိုပိုင်ဆိုင်ထားကြတာကို
ဒါပေမဲ့ ဘယ်တော့မှ အမြဲတန်းပျော်ရွှင်မှုတွေချည်းဘဲ ပြည့်နှက်မနေပါဘူး ဝမ်းနည်းမှုတွေ ပူဆွေးသောကမှုတွေကတော့ သူ့အလိုလို ရောက်လာတတ်ကြတယ်ဗျ ကိုကြာစိရဲ့ကံစေရာ ဘဝသီချင်းလေးလိုပါပဲ

 (ကံစေရာဘဝ စေလိုရာစေကြ အချိန်တန် အိမ်ပြန်ကြ…)



ကလင် ကလင်…

  "ဟယ်လို အမိန့်ရှိပါရှင် ခင်လေးနွှဲ့ပြောနေပါတယ်"

 "…… "

"ခဏ ခဏ ဦးလေး••••• ဂျ လောက် တူတူဟင်! ဒုက္ခပဲ ကလေးတွေကလည်း မနက်ဖြန်စာမေးပွဲဖြေရမှာ အမေကလည်း အသည်းအသန်ဖြစ်နေတာဆိုတော့ မဖြစ်ဘူး
ဖေကြီးကိုဖုန်းဆက်မှ"


''ဘယ်လိုဖြစ်ရတာလဲ ခင်ရယ် ဟိုတလောကမှ ရန်ကုန်လာမယ်ပြောသေးတယ်"

"မသိပါဘူး ဖေကြီးရယ် ကျွန်မလေ အရမ်းစိတ်ပူနေပြီ ဒီနေ့ပဲ သွားရအောင်နော်"

"ဒါဆိုလည်း ကလေးတွေကို သန်းသန်းနဲ့ညိုမောင်ဆီ အပ်ထားရမှာပဲ ငါ့မှာလည်းမိဘမရှိတော့ဘူး မင်းမှာလည်း မင်းအမေတစ်ယောက်ပဲရှိတော့တာ မင်းအမေက ကိုယ့်ဇာတိ ချက်ခြွေ မွေးရက်မြေမှာပဲ ခေါင်းချမယ်ဆိုတော့ တယ်ခက်သား"

"အဲ့ဒါတွေပြောမနေပါနဲ့တော့ ကျွန်မပြင်ဆင်ထားပြီးပြီ ခုသွားရုံပဲ သားနဲ့သမီးတို့ ပြန်အလာကိုတော့ စောင့်မနေတော့ပါဘူး နှစ်ရက်သုံးရက်ပါပဲ"

"ဒါဆို သွားမယ်လေသန်းသန်းနဲ့ညိုမောင် ကလေးတွေကိုစိတ်ချမယ်နော် အိမ်ကိုသေချာစောင့်ရှောက်ပါ"

"ဟုတ်ကဲ့ စိတ်ချပါ ဆရာလေးနဲ့ ဆရာကတော်"

Comments

Popular posts from this blog

ငါတို့အားလုံးရဲ့ဆရာ အပိုင်း(၄)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၅)

ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၂)