အစ်ကိုကြီးတော့ အဖရာ အပိုင်း(၁)
"အစ်ကိုကြီးတော့ အဖရာ"
(ပညာပေး ဇာတ်လမ်းတို)
(စ/ဆုံး)
ကျွန်တော့်နာမည်မောင် သန့်စင်ဦးပါ။ဖေဖေဦးကိုကိုနဲ့မေမေခင်လေးနွှဲ့တို့ရဲ့ သားအကြီးဆုံးပါ။ကျွနု်တော့်မှာ အရမ်းချစ်ရတဲ့ညီမလေးတစ်ယောက်ရှိတယ်။သူ့နာမည်ကတော့ နှိုင်းရတုပါ။မနက်ဖြန် ကျွန်တော်ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်တော့မှာမို့ ကျွန်တော် ရဲ့အတိတ်ဘဝကိုပြန်စဉ်းစားနေမိတယ်။ကျွန်တော့်ရဲ့ဘဝကဒီလိုဗျ~~~~~
ို့
"လာ သားနဲ့သမီး ဒီနေ့ ဖေဖေ ရုံးပိတ်လို့ ကစားကွင်းလိုက်ပို့မယ် သွားမှာလား"
"ဟေးဒါမှဒို့ဖေဖေ ဒါကြောင့် ဖေဖေကြီးကိုချစ်တာ"
"ဒါဆို မေမေ့ကိုကော သားနဲ့သမီးကမချစ်ဘူးပေါ့"
"ချစ်တာပေါ့ မေမေ့ကိုလည်းချစ် ဖေဖေ့ကိုလည်းချစ်တယ်"
"ဇာတ်တိုက်ထားသလားမှတ်ရတယ်မေကြီးရေ ငါသားနဲ့သမီးက ဟားဟား"
"ဟုတ်ပရှင် ဘယ်သူနဲ့တူလဲမသိဘူး ကျမနဲ့တူလိုဖြစ်မယ်"
"ငါနဲ့တူတာပါ မေကြီး"
"ဖေကြီးနော် ကျမနဲ့တူတာပါဆို"
"တော်ပါတော့ ဖေဖေနဲ့မေမေရာ ဘာမှဟုတ်တာလဲမဟုတ်ဘဲနဲ့ ရန်ဖြစ်နေကြတယ် ကစားကွင်းလိုက်ပို့မယ်ပြောပြီး"
"ဟုတ်ပါပြီ ရေမိုးချိုးအဝတ်စားလဲပြီးရင် သွားကြမယ်"
ဒါကတော့ စံရိပ်ငြိမ် စံအိမ်ကြီးရဲ့ ပျော်ရွှင်စရာကောင်းလှတဲ့ မြင်ကွင်းများပင်။မိသားစု လေးယောက် ချစ်ခင်ရင်းနှီးစွာ စည်းရုံးညီညွတ်စွာနေထိုင်ရင် နေ့ရက်တွေကို ဖြတ်သန်းသည့် မိသားစုပင်ဖြစ်သည်။ဒီဘဝတွင်ဘယ်လောက်ကောင်းကောင်း အတိတ် ဘဝကုသိုလ်ကံအကြောင်းနှင့် တိုက်ရိုက်အချိုးကျနေပေ၏။

Comments
Post a Comment